၁။ မွှေးကောက်ညှင်းမှုန့် | 150g |
၂။ မွှေးဆန်စိမ်းမှုန့် | 50g |
၃။ ထန်းလျက် | ၁၀ ကျပ်သား |
၄။ ဆား | အနည်းငယ် |
၅။ နှမ်း | အနည်းငယ် |
၆။ အုန်းသီးဆံ | အနည်းငယ် |
၇။ ရေ + ထန်းလျက်ရည် | ၃၂၅ မီလီ |
- ၁။ ပထမဦးစွာ ထန်းလျက် ၁၀ သား ( ၁၆၀ ဂရမ် ) ကို ကျို၍ ဇကာဖြင့် စစ်ထားပါ။
- ၂။ ကျိုထားသည့် ထန်းလျက်ရည်ထဲသို့ ရေထည့်ပါ။ ထန်းလျက်ရည်နှင့် ရေ နှစ်မျိုးပေါင်း ၃၂၅ မီလီ ဖြစ်ရပါမည်။
- ၃။ ပန်းကန်တစ်ခုထဲသို့ မွှေးကောက်ညှင်းမှုန့် ၁၅၀ ဂရမ် ၁ ထုပ်နှင့် မွှေးဆန်အစိမ်းမှုန့် ၅၀ ဂရမ် ( ၂ ဇွန်းခွဲ) ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
- ၄။ ထန်းလျက်ရည်နှင့် ရေ နှစ်မျိုးပေါင်း ၃၂၅ မီလီ ထည့်ပါ။
- ၅။ သမအောင် မွှေပေးပါ။
- ၆။ မြေပဲဆံနှင့် အုန်းသီးကို ပါးပါးလှီးထားပါ။
- ၇။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပါက ဒယ်အိုးအပြား နှင့် ဆီဆူအောင် တည်ပါ။ ဆီဆူလျှင် မုန့်ရည် ထည့်ပါ။ ဇွန်းပြားဖြင့် ဖိ၍ ကြော်ပေးပါ။ ( အစာမပါဘဲ မုန့်ဆီကြော် အလွတ်ကြော်ခြင်း ဖြစ်ပါသည်။)
- ၈။ အစာဖြင့် ထည့်ကြော်မည်ဆိုပါက မုန့်နှစ်ခပ်ပါ။ ခပ်သည့်မုန့်နှစ်ထဲသို့ မြေပဲဆံ၊ နှမ်း ၊ အုန်းသီးထည့်၍ မွှေပြီးမှ ဒယ်အိုးထဲ ထည့်ကြော်ပါ။ ဟိုဘက်ဒီဘက်လှန်၍ ဇွန်းပြားဖြင့် ဖိကြော်ပါ။
မုန့်ဆီကြော်ကို အလွယ်တကူ ကြော်စားနိုင်ပါပြီ။