မွှေးကော်မှုန့်ဖြင့် ကော်ကြော် ၊ ကော်ရည်ခေါက်ဆွဲ ၊ ကြက်ဥကော်ရည် ၊ ငါးဖယ်ကြော် ၊ ဖက်ထုပ်ကြော် ၊ ကြက်သားလုံး ၊ ဝက်သားလုံး ၊ အအေးတွင် ထည့်၍ အသုံးပြုသော ပုလဲလုံး အစရှိသဖြင့် အသုံးပြုနိုင်ပါသည်။
မန္တလေးပဲကပ်ကြော်မှုန့် တစ်ထုပ် ( 150 g ) လျှင် ရေ (150 ml ) (သို့) (150 g ) ထည့်ပါ။
မွှေးကောက်ညှင်းမှုန့်ဖြင့် မုန့်လုံးရေပေါ် ၊ မုန့်ဖတ်ထုပ် ၊ မုန့်လက်ကောက်ကြော် အစရှိသဖြင့် အသုံးပြုနိုင်ပါသည်။
အရသာ တမျိုးလေးနဲ့ စားပြီးရင်စားချင်မိတဲ့ ကောင်းသလားဆိုတာ ပြောမနေတော့ဘူးနော် ကိုယ်တိုင်သာ လုပ်စားကြည့် ပါ လို့ ပြောလိုက်ပါရစေ ရှင်?
အရသာတမူးထူးခြားတဲ့ စားလိုက်ရင်မအီဘဲ စားပြီးရင်းစားချင်တဲ့ ငှက်ပျောရွှေကြည်မုန့်လေးပါ
မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ခေါက်ဆွဲသုပ် ၊ ရေနွေးကြမ်း တွေနဲ့ မပါမဖြစ်လောက်အောင်ကို လိုက်ဖက်ပြီး သုံးဆောင်ရတာလည်း အရမ်းအဆင်ပြေတဲ့ ၊ မိမိကိုယ်တိုင် စိတ်တိုင်းကျစီမံနိုင်တဲ့ ပဲကပ်ကြော်လေးပါ။
ရာသီပေါ်သီးနှံ ပီလောပီနံဥ ကို အရသာရှိရှိနဲ့ မုန့်အဖြစ် အချိုပွဲအဖြစ် သရေစာအဖြစ် အပြောင်းအလဲအနေနဲ့ လုပ်စားကြည့်ဖို့ လက်တို့လိုက်ပါရစေ စားလို့ကောင်းမှကောင်း