၁။ မွှေးပဲစိမ်းမှုန့် | ၁၅၀ ဂရမ် ၁ ထုပ် |
၂။ ဟင်းခတ်မှုန့် | (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း |
၃။ ဆား | ( လက်ဖက်ရည်ဇွန်း ) ၁ ဇွန်း |
၄။ နနွင်း | အနည်းငယ် |
တို့ဟူးကျိုရန်ပြုလုပ်ပုံအဆင့်အဆင့်
- ၁။ ပထမဦးစွာ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် ကို ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် နနွင်းအနည်းငယ် ထည့်ပါ။ ရေ ၃၂၅ မီလီ ထည့်ပါ။
- ၂။ ထို့နောက် မွှေစက် ( mixer ) ဖြင့်မွှေပေးပါ။
- ၃။ တို့ဟူးကျိုမည့် ဒယ်အိုးထဲသို့ ရေ ၃၂၅ မီလီ ထည့်ပါ။
- ၄။ ရေပူပူ ( သို့ ) ရေဆူခါနီးအချိန် ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို လောင်းထည့်ပါ။
- ၅။ ထို့နောက်မီးပြင်းပြင်းဖြင့် ကျိုပေးပါ။ ကျိုနေစဉ် အဆက်မပြတ်မွှေပေးပါ။
- ၆။ ပျစ်လာလျှင် မီးအနည်းငယ်လျှော့ပြီး (မီးအသင့်အတင့်) ဖြင့် ကျိုပါ။
- ၇။ ပျစ်လာချိန်တွင် အဆက်မပြတ်မွှေပေးပါ။ တို့ဟူးသားကောင်းအောင် နာနာမွှေပေးပါ။ ညောင်စေးကျမကျ ဆွဲမကြည့်ပါ။ ၈ မိနစ် (သို့) ၁၀မိနစ်ခန့်ကြာ၍ ညောင်စေးကျလျှင် ရပါပြီ။
- ၈။ ရလျှင် ပုံစံခွက်ထဲသို့ ထည့်ပါ။ ၂ နာရီ (သို့) (၃) နာရီခန့် အအေးခံပါ။
တို့ဟူးကြော်ရန်အတွက်
- တို့ဟူးအေးလျှင် အနေတော်အတုံးများတုံး၍ အရာပေးပါ။
- ဆီပူလျှင် ထည့်ကြော်ပါ။
- အရောင်ရင့်ပြီး ကျွတ်လာလျှင် ဆယ်ယူပါ။
ဒါဆိုရင် တို့ဟူးကြော်ကြွပ်ကြွပ်လေးရပါပြီ။