| ၁။ ရွှေလိပ်ပြာ ၁၅၀ ဂရမ် | ၁ ထုပ် | 
| ၂။ ငါးကြင်း | ၅၀ ကျပ်သား | 
| ၃။ မုန်လာဥနီ | ၁၀ ကျပ်သား | 
| ၄။ ကြက်သွန်ဖြူ | ၃ လုံး | 
| ၅။ ကြက်သွန်နီ | ၁ လုံး | 
| ၆။ ကြက်ဥ | ၂ လုံး | 
| ၇။ ဂျင်း လက် | ၂ ဆစ် | 
| ၈။ ဆား | ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း) | 
| ၉။ ဟင်းခတ်မှုန့် | ၁ ဇွန်း ( ဇွန်းကြီးး ) | 
| ၁၀။ သကြား | ၁ ဇွန်း ( ဇွန်းကြီး) | 
- ၁။ ပထမဦးစွာ ငါးကြင်း ၅၀ ကျပ်သား ကို ရေနှင့်ပြုတ်ပေးပါ။ ငါးနူးလျှင် ဆယ်ပြီး အရိုးနွှင်ထားပါ။
- ၂။ မုန်လာဥနီ ၁၀ ကျပ်သား (160g)ကို အခွံခွါ၍ ခြစ်ဖြင့်ခြစ်ပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားပါ။
- ၃။ ဂျင်းကို ထောင်း၍ ရေအနည်းငယ်ထည့်ပြီး ဂျင်းရည်ပြုလုပ်ထားပါ။
- ၄။ အဆင်သင့်ဖြစ်ပါက နွှင်ထားသော ငါး ၊ ခြစ်ထားသော မုန်လာဥနီ ၊ ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းရည် ၊ ဟင်းခတ်မှုန့် ၊ သကြား ၊ ဆား နှင့် ရွှေလိြပ်ပာ အကြော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ထည့်ပါ။ ကြက်ဥနှစ်လုံးဖောက်ထည့်ပါ။ ပြီးလျှင် သမအောင်နယ်ပေးပါ။
- ၅။ ဆီဆူလျှင် အနေတော်အလုံးလေးများ လုပ်၍ ထည့်ကြော်ပါ။ ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။
အရသာကောင်းမွန်သော ငါးအသားလုံးကြော်ကို ထမင်းနှင့် တွဲဖက်၍ သုံးဆောင်နိုင်သလို ဆော့စ်နှင့် တွဲဖက်၍လည်း သုံးဆောင်နိုင်ပါသည်။