1.	ရွှေလိပ်ပြာအကြော်မှုန့်			၁၅၀ ဂရမ်
 2.	ကြက်သား				         ၅၀ ကျပ်သား
 3.	ပျဉ်းတော်သိမ်				         ၁ စည်း
 4.	အရောင်တင်မှုန့် (ဇွန်းကြီး)		ဇွန်းတစ်ဝက်
 5.	ဆား ( လက်ဖက်ရည်ဇွန်း)		၁ ဇွန်း
 6.	သကြား ( လက်ဖက်ရည်ဇွန်း)		၁ ဇွန်း
 7.	မဆလာ ( လက်ဖက်ရည်ဇွန်း)		၁ ဇွန်း
 8.	နနွင်းမှုန့်				               အနည်းငယ်
 9.	ရေ					              ၂၅၀ မီလီ (သို့) ၂၇၅ မီလီ
 2.	ကြက်သား				         ၅၀ ကျပ်သား
 3.	ပျဉ်းတော်သိမ်				         ၁ စည်း
ပြုလုပ်နည်း
 1.	ပထမဦးစွာ ရေဆေးသန့်စင်ထားသော ကြက်သား ၅၀ ကျပ်သားကို မွှန်းပေးပါ။ ထို့နောက် ကြက်သားထဲကို  ဆား ၁ ဇွန်း (လက်ဘက်ရည်ဇွန်း) ၊ သကြား ၁ ဇွန်း ( လက်ဘက်ရည်ဇွန်း) ၊ မဆလာ ၁ ဇွန်း ( လက်ဘက်ရည်ဇွန်း)၊ အရောင်တင်မှုန့် တို့ကိုထည့်၍ ကြက်သားထဲ  အရသာ စိမ့်ဝင်အောင်နယ်ပေးပါ။ ရလျှင် အဖုံးအုပ်၍ ခနနှပ်ထားပါ။
 2.	ရွှေလိပ်ပြာအကြော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်ကို ဆားအနည်းငယ် ၊ ရေ ၂၅၀ မီလီ (သို့) ၂၇၅ မီလီ ထည့်၍ ဖျော်ထားပါ။
 3.	ပျဉ်းတော်သိမ်ကို ဆီသတ်ပါ။ ရလျှင် နှပ်ထားသော ကြက်သားထဲသို့ပျဉ်းတော်သိမ် တစ်ဝက်ကို ချေထည့်ပါ။ ဖျော်ထားသော မုန့်နှစ်ရည် လောင်းထည့်ပါ။ သမအောင်နယ်ပေးပါ။ ထို့နောက် ၁ နာရီ နှပ်ထားပေးပါ။
 4.	ကြက်သားကြော်ရန် နနွင်းအနည်းငယ်ထည့်၍ ဆီဆူအောင်တည်ပါ။ ဆီဆူလျှင် နှပ်ထားသော ကြက်သားကို ကြော်ပါ။ ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူနိုင်ပါပြီ။ကြက်သားကြော်ပေါ်တွင် ကျန်ပျဉ်းတော်သိမ် တစ်ဝက်ကို ချေ၍ ဖြူးပါ။
 ရွှေလိပ်ပြာအကြော်မှုန့် ၁၅၀ ဂရမ်ကို အသုံးပြုပြီးကြော်ထားတဲ့ ပျဉ်းတော်သိမ်အနံ့မွှေးမွှေးလေးနဲ့ ကြက်သားကြော်ကို ဒီအတိုင်း ဆောစ့်နဲ့ ပဲစားစား ၊ ထမင်းနဲ့ပဲတွဲစားစား အကြိုက်တွေ့စေမှာ သေချာပါတယ်
 ဝင်ရောက်ကြည့်ရှုမှုအတွက် ကျေးဇူးတင်ပါသည်။
 ပြုလုပ်နည်း