| ၁။ မွှေးမတ်ပဲဘယာကြော်မှုန့် | ၁၅၀ ဂရမ် ၁ ထုပ် | 
| ၂။ မွှေးဆန်စိမ်းမှုန့် | ၁၅၀ ဂရမ် ၁ ထုပ် | 
| ၃။ ရေ | 200ml | 
| ၄။ ဟင်းခတ်မှုန့် | ( လက်ဖက်ရည်ဇွန်း) ၁ ဇွန်း | 
| ၅။ ဆား | ( လက်ဖက်ရည်ဇွန်း) ၁ ဇွန်း | 
| ၆။ ဇီယာ | အနည်းငယ် | 
| ၇။ ပျဉ်းတော်သိမ် | အနည်းငယ် | 
| ၈။ ငြုပ်သီးစိမ်း | ၈ တောင့် | 
| ၉။ ကြက်သွန်နီ | ၁ လုံး | 
| ၁၀။ ဂျင်း | လက်တစ်ဆစ်ခန့် | 
ပြုလုပ်နည်းအဆင့်ဆင့်
- ၁။ ကြက်သွန်နီ ၁လုံးနှင့် ဂျင်းလက်တစ်ဆစ်ခန့်ကို နုတ်နုတ်စင်းပါ။ ငြုပ်သီးစိမ်း ၈တောင့်နှင့် ပျဉ်းတော်သိမ်ကို ပါးပါးလှီးပါ။
- ၂။ မွှေးမတ်ပဲဘယာကြော်မှုန့် ၁ ထုပ် ကို မွှေးဆန်စိမ်းမှုန့် ၂ ဇွန်း ထည့်ပါ။ ရေ ၂၀၀ မီလီ ထည့်ပါ။ သမအောင် မွှေပေးပါ။
- ၃။ သမအောင် မွှေပြီးပါက ဟင်းခတ်မှုန့် နှင့် ဆားထည့်ပါ။ ဇီယာအနည်းငယ်နှင့် ပျဉ်းတော်သိမ် ထည့်ပါ။ ကြက်သွန်နီ နှင့် ဂျင်းထည့်ပါ။
- ၄။ သမအောင် မွှေပြီး ၁ နာရီခန့် နှပ်ထားပါ။
ကြော်နည်း (၁)
ဇွန်းပြားကို ရေစွတ်ပါ။ လက်ကို ရေစွတ်၍ မတ်ပဲဘယာကြော်ကို ဇွန်းပြားပေါ်တွင် အနေတော်ပြားပေးပါ။ ပြီးလျှင် လက်ကို ရေစွတ်၍ အလယ်ကို အကွင်းပုံစံဖြစ်အောင် အပေါက်ဖောက်ပေးပါ။ ပြီးလျှင် ဇွန်းပြားကိုမှောက်၍ ဖယ်ယူပြီး ဆီထဲထည့်ကြော်ပါ။
ကြော်နည်း (၂)
ပလတ်စတစ်အိတ်အကြည်ပေါ်တွင် မုန့်နှစ်ကိုယူ၍ အနေတော်ပြားပေးပါ။ အလယ်ကို အပေါက်ဖောက်ပါ။ ပြီးလျှင် ပလတ်စတစ်အိတ်ကို မှောက်ပြီးလက်ဖြင့် ဖယ်ယူ၍ ဆီအိုးထဲ ထည့်ကြော်ပါ။
ကြော်နည်း (၃)
လက်ကို ရေစွတ်၍ မုန့်နှစ်ကိုယူပါ။ အနည်းငယ် ဆုပ်ပေးပါ။ ပြီးလျှင် အပြားပုံစံ ပြုလုပ်၍ အလယ်တွင် အပေါက်ဖောက်ပေးပါ။ ဆီအိုးထဲ ထည့်ကြော်ပါ။ မိမိအဆင်ပြေမည့် ကြော်နည်းနှင့် ကြော်နိုင်ပါသည်။
ဒါဆိုရင် မတ်ပဲဘယာကြော်ကွင်းလေးတွေ ရပါပြီ။