အချဉ်ရည်ဖျော်ရန်အတွက် ပါဝင်ပစ္စည်းများ
| ၁။ မွှေးဆန်အကျက်မှုန့် | ၁၅၀ ဂရမ် ၁ ထုပ် | 
| ၂။ နံနံမြစ် | ၅ ပင် | 
| ၃။ ထန်းလျက်ခဲ | ၄ ခဲ | 
| ၄။ ကြက်သွန်ဖြူ | အနည်းငယ် | 
| ၅။ ငြုပ်သီးစိမ်း | အနည်းငယ် | 
| ၆။ သံပုရာသီး | ၂ လုံး | 
| ၇။ ကြက်သွန်နီ | အနည်းငယ် | 
| ၈။ သကြား | အနည်းငယ် | 
| ၉။ ယိုးဒယားပုဇွန်ထမ်း ငံပြာရည် | အနည်းငယ် | 
| ၁၀။ ပဲငံပြာရည် အကြည်ရည် | အနည်းငယ် | 
 
ဝက်သားကင်ရန်အတွက် ပါဝင်ပစ္စည်းများ
| ၁။ ဝက်သား | 
| ၂။ ရှာလကာရည် | 
| ၃။ ခရုဆီ | 
| ၄။ ပဲငံပြာရည် အနောက်ရည် | 
 
အချဉ်ရည်ဖျော်ရန်အတွက် ပြုလုပ်နည်း
- ၁။ နံနံမြစ်ကို ရေစင်အောင်ဆေး၍ ညက်အောင်ထောင်းပါ။ ထန်းလျက်ခဲ ထည့်ထောင်းပါ။ ရလျှင် ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ညက်အောင်ထောင်းပါ။
- ၂။ အားလုံးညက်သွားပါက ပန်းကန်တစ်ခုတွင် ထည့်၍ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။ သံပုရာသီး ၂ လုံး အရည်ညှစ်ထည့်ပါ။ ယိုးဒယားပုဇွန်ထမ်း ငံပြာရည် ၃ ဇွန်း ၊ ပဲငံပြာရည် အကြည်ရည် ၃ ဇွန်း ၊ မွှေးဆန်အကျက်မှုန့် ၂ ဇွန်း ခန့် ထည့်ပါ။ ပြီးလျှင် မွှေေးပးပါ။ မွှေ၍ နှံ့လျှင် ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်နှင့် နံနံပင်ထည့်ပါ။
- ၃။ အသားကင်နဲ့စားရန်အတွက် မွှေးဆန်အကျက်မှုန့်ဖြင့် ပြုလုပ်ထားသော အချဉ်ရည်မွှေးမွှေးလေးရပါပြီ
ဝက်သားကင်ရန်
- ၁။ ဝက်သားကို ရေစင်အောင်ဆေးပါ။ ရှာလကာရည်၊ခရုဆီနှင့် ပဲငံပြာရည် အနောက်ရည်တို့ကို အသင့်အတင့်ထည့်ပြီး နှံ့အောင်နယ်ပါ။ နာရီဝက် ( သို့ ) တစ်နာရီခန့် နှပ်ထားပါ။
- ၂။ နှပ်ထားတာရလျှင် အသားကျက်သည်အထိ ကင်ပေးပါ။
- ၃။ ရလျှင် အသားကို အနေတော် ပါးပါးလှီးပေးပါ။ ဖျော်ထားသော အချဉ်ရည်နှင့် တွဲဖက်စားသုံးပါ။
- ၄။ သုပ်မည်ဆိုပါက ဝက်သားကင်ကို ပါးပါးလှီး၍ ကြက်သွန်နီပါးပါးလှီးထည့်ပါ။ ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပါ။ အချဉ်ရည် ထည့်ပါ။ ပင်စိမ်းရွက် အနည်းငယ်ထည့်ပါ။
ဒါဆိုရင် အရသာတမူထူးခြားတဲ့ ဝက်သားကင်သုပ် ရပါပြီ။