| ၁။ မွှေးကော်မှုန့် ၁၅၀ ဂရမ် | ၁ ထုပ် | 
| ၂။ ကြက်ဥ | ၃ လုံး | 
| ၃။ ဆား ( လက်ဖက်ရည်ဇွန်း) | ၁ ဇွန်း | 
| ၄။ သကြား (လက်ဖက်ရည်ဇွန်း) | ၃ ဇွန်း | 
| ၅။ ဂဏန်းအသား | အနည်းငယ် | 
| ၆။ ရေ | ၄၀၀ မီလီ | 
- ၁။ မွှေးကော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်ကို သကြား ၃ ဇွန်း ၊ ဆား ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း) နှင့် ရေ ၄၀၀ မီလီ ထည့်၍ ဖျော်ပါ။
- ၂။ ကြက်ဥ ၃ လုံး ခလောက်ထည့်ပါ။ သမအောင်မွှေပါ။
- ၃။ ဒယ်အိုးပြားထဲသို့ ဆီ ၃ ဇွန်းခန့်ထည့်ပါ။ ဂဏန်းအသား အနည်းငယ် ထည့်ကြော်ပါ။ ဂဏန်းသားကျက်လျှင် ဖျော်ထားသော ကော်ရည်ကို ထည့်ပါ။ ဘေးတစ်ဝိုက် အနည်းငယ်တင်းလာလျှင် ပလာခေါက်သကဲ့သို့ ဇွန်းဖြင့် ခေါက်၍ ခေါက်၍ ကြော်ပါ။ ဇွန်းပြားဖြင့် ဖိဖိပေးပါ။ ဆီလိုလျှင် ဆီအနည်းငယ် ထည့်၍ ဟိုဘက်ဒီဘက်လှန်ပါ။ ရွှေညိုရောင်သန်းလာလျှင် အကြွပ်ကြော်ရန်အတွက် ဇွန်းဖြင့် အနေတော်အပိုင်းလေးများ ခွဲပေးပါ။ ဟိုဘက်ဒီဘက်လှန်၍ ကြော်ပေးပါ။ ကြွပ်လာလျှင် ဆယ်ယူ၍ ဆီစစ်ပါ။
ဂဏန်းကော်ကြော် ကြွပ်ကြွပ်လေး ရပါပြီ။