ဟင်းရည် ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
၁။ မွှေးပဲစိမ်းမှုန့် | 150g |
၂။ အုန်းနို့ဘူးသေး | ၁ ဘူး |
၃။ ကြက်သွန်နီ ဥကြီး | ၂ လုံး( ဆီသတ်ရန်အတွက်) |
၄။ ကြက်သွန်နီ ဥသေး | အနည်းငယ် ( ဟင်းရည်ထဲထည့်ရန်အတွက်) |
၅။ အရောင်တင်မှုန့် | ၁ ဇွန်းခွဲ ( ထမင်းစားဇွန်း) |
၆။ ကြက်သား | ၁၅ ကျပ်သား |
၇။ ငါးဖယ်ကြော် | အနည်းငယ် |
၈။ ဆီ | အနည်းငယ် |
၉။ အချိုမှုန့် လက်ဖက်ရည်ဇွန်း | ၁ ဇွန်း |
၁၀။ သကြား လက်ဖက်ရည်ဇွန်း | ၁ ဇွန်း |
၁၁။ငံပြာရည် | ၆၀ မီလီ |
အုန်းနို့ခေါက်ဆွဲပြင်ရန်အတွက် ပါဝင်ပစ္စည်းများ
- ၁။ ခေါက်ဆွဲဖတ်
- ၂။ မုန့်ကြွပ်
- ၃။ ကြက်သွန်နီ ( ပါးပါးလှီး၍ ရေဆေးပါ။)
- ၄။ နံနံပင်
- ၅။ သံပုရာသီး (သို့) ရှောက်သီး
- ၆။ ငရုပ်သီးမှုန့်
- ၇။ ပဲကြော်
- ၈။ ဘဲဥပြုတ် ( သို့) ကြက်ဥပြုတ်
- ၁။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေ ၆၀၀ မီလီ (ရေသန့်ဘူးလတ် ၁ဘူး) ထည့်ဖျော်ပါ။ အခဲများမပါစေရန် ဇကာဖြင့်စစ်ပါ။ မိနစ်သုံးဆယ်ခန့်ထားပါ။
- ၂။ ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီဆူလျှင် ကြိတ်ထားသော ကြက်သွန်နီ ဥကြီး ၂ လုံးဆီသတ်ပါ။ နနွင်းအနည်းငယ်ထည့်ပါ ခဏကြာလျှင် အရောင်တင်မှုန့် ၁ ဇွန်းခွဲ ထည့်ပါ။ ရလျှင် ကြက်သား ၁၅ ကျပ်သား ထည့်၍ ဆီသတ်ပါ။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
- ၃။ ပါးပါးညှပ်ထားသော ငါးဖယ်ကြော် ထည့်ပါ။ ငံပြာရည် ၆၀မီလီထည့်ပါ။
- ၄။ ငံပြာရည်နံ့မွှေးလာလျှင် ဆီသတ်တာရပါပြီ။ ပန်းကန်ဖြင့် ဆယ်ထားပါ။
ဟင်းရည်အိုးတည်ရန်အတွက်
- ၁။ ဒန်အိုးထဲသို့ ရေ ၃ လီတာ ထည့်၍ တည်ပါ။ ရေဆူလျှင် ကြက်သွန်နီ ဥသေးလေးများ ထည့်ပါ။
- ၂။ ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို ထည့်ပါ။
- ၃။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ထည့်ပါ။
- ၄။ ပဲစိမ်းနံ့ ပျောက်အောင်တည်ပါ။ ပဲစိမ်းနံ့ပျောက်လျှင် ဆီသတ်ထားသော ကြက်သားအနှစ် ထည့်ပါ။
- ၅။ ပွက်လာလျှင် အုန်းနို့ ၁၆၀မီလီ ၁ ဘူး ထည့်ပါ။
- ၆။ အုန်းနို့နံ့မွှေး၍ ရေကျလျှင် အရသာအပေါ့အငံမြည်းကာ စားနိုင်ပါပြီ။