မွှေးဂျုံမှုန့် | 150g |
အာလူး | 300g |
သကြား | 125g |
ထောပတ် | 70g |
အုန်းနို့ | 160ml |
ရေ | 125ml |
ကြက်ဥ | ၁ လုံး |
စပျစ်ခြောက် | အနည်းငယ် |
ဆား | အနည်းငယ် |
- ၁။ အာလူး 30 g ကို အခွံခွာ အနေတော်အတုံးများတုံး၍ ရေဖြင့် နူးအောင် ပြုတ်ပါ။ အာလူးနူးလျှင် ရေစစ်၍ ဆယ်ပါ။
- ၂။ ပြုတ်ထားသော အာလူးထဲကို အပူပေးထားသော ထောပတ် ၇၀ ဂရမ် ထည့်၍ အာလူးကို ကြေအောင်ချေပေးပါ။
- ၃။ အာလူးကြေလျှင် သကြား ၁၂၅ ဂရမ် ၊ ဆားအနည်းငယ် ထည့်ပါ။ အုန်းနို့ ၁၆၀ မီလီ ထည့်ပါ။ သမအောင် မွှေပေးပါ။
- ၄။ ကြက်ဥ ၁ လုံး ဖောက်ထည့်ပါ။ ရေ ၁၂၅ မီလီ ထည့်ပါ။ မွှေပါ။ မွှေးဂျုံမှုန့် ၁၅၀ ဂရမ် တစ်ထုပ် ထည့်ပါ။ သမအောင်မွှေပါ။
- ၅။ ရလျှင် ဇကာစစ်ထဲ လောင်းထည့်၍ အဖတ်များ မဖြစ်စေရန် အပေါ်မှ ဖိချေ၍ စစ်ပေးပါ။
- ၆။ အဆင်သင့်ဖြစ်ပါက မုန့်လင်မယားအိုးကဲ့သို့ ပုံစံခွက် ဒယ်အိုးဖြင့် ပြုလုပ်ပါမည်။
- ၇။ ပုံစံခွက်ထဲကို ထောပတ်ဆီအနည်းငယ် သုတ်ပေးပါ။ပြီးလျှင် အာလူးအနှစ်ရည် လိုက်ထည့်ပါ။ ခဏအုပ်ပါ။ အပေါ်ယံ အနည်းငယ်တင်းလာလျှင် စပျစ်ခြောက် လိုက်ထည့်ပါ။ ခဏအုပ်ပေးပါ။
- ၈။ အောက်ပိုင်းရွှေညိုရောင်သန်းလာလျှင် ဆယ်ယူလို့ရပါပြီ။
အရသာကောင်းမွန်သော အာလူးကိတ်လေး ရပါပြီ။
မှတ်ချက်။ ။ ပုံစံခွက်ကို မိမိအဆင်ပြေသလို အကြီး ၊ အသေး အသုံးပြုနိုင်ပါသည်။