မွှေးဆန်ကျက်မှုန့်ဖြင့် အသားကင်မျိုးစုံကို တို့စားရန်နှင့် သုပ်စားရန်အတွက် အချဉ်ရည်ဖျော်စပ်နည်း

မွှေးဆန်ကျက်မှုန့်ဖြင့် အသားကင်မျိုးစုံကို တို့စားရန်နှင့် သုပ်စားရန်အတွက် အချဉ်ရည်ဖျော်စပ်နည်း

အချဉ်ရည်ဖျော်ရန်အတွက် ပါဝင်ပစ္စည်းများ

၁။ မွှေးဆန်အကျက်မှုန့်၁၅၀ ဂရမ် ၁ ထုပ်
၂။ နံနံမြစ်၅ ပင်
၃။ ထန်းလျက်ခဲ၄ ခဲ
၄။ ကြက်သွန်ဖြူအနည်းငယ်
၅။ ငြုပ်သီးစိမ်းအနည်းငယ်
၆။ သံပုရာသီး၂ လုံး
၇။ ကြက်သွန်နီအနည်းငယ်
၈။ သကြားအနည်းငယ်
၉။ ယိုးဒယားပုဇွန်ထမ်း ငံပြာရည်အနည်းငယ်
၁၀။ ပဲငံပြာရည် အကြည်ရည်အနည်းငယ်

 

ဝက်သားကင်ရန်အတွက် ပါဝင်ပစ္စည်းများ

၁။ ဝက်သား
၂။ ရှာလကာရည်
၃။ ခရုဆီ
၄။ ပဲငံပြာရည် အနောက်ရည်

 

အချဉ်ရည်ဖျော်ရန်အတွက် ပြုလုပ်နည်း

  • ၁။ နံနံမြစ်ကို ရေစင်အောင်ဆေး၍ ညက်အောင်ထောင်းပါ။ ထန်းလျက်ခဲ ထည့်ထောင်းပါ။ ရလျှင် ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ညက်အောင်ထောင်းပါ။
  • ၂။ အားလုံးညက်သွားပါက ပန်းကန်တစ်ခုတွင် ထည့်၍ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။ သံပုရာသီး ၂ လုံး အရည်ညှစ်ထည့်ပါ။ ယိုးဒယားပုဇွန်ထမ်း ငံပြာရည် ၃ ဇွန်း ၊ ပဲငံပြာရည် အကြည်ရည် ၃ ဇွန်း ၊ မွှေးဆန်အကျက်မှုန့် ၂ ဇွန်း ခန့် ထည့်ပါ။ ပြီးလျှင် မွှေေးပးပါ။ မွှေ၍ နှံ့လျှင် ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်နှင့် နံနံပင်ထည့်ပါ။
  • ၃။ အသားကင်နဲ့စားရန်အတွက် မွှေးဆန်အကျက်မှုန့်ဖြင့် ပြုလုပ်ထားသော အချဉ်ရည်မွှေးမွှေးလေးရပါပြီ

ဝက်သားကင်ရန်

  • ၁။ ဝက်သားကို ရေစင်အောင်ဆေးပါ။ ရှာလကာရည်၊ခရုဆီနှင့် ပဲငံပြာရည် အနောက်ရည်တို့ကို အသင့်အတင့်ထည့်ပြီး နှံ့အောင်နယ်ပါ။ နာရီဝက် ( သို့ ) တစ်နာရီခန့် နှပ်ထားပါ။
  • ၂။ နှပ်ထားတာရလျှင် အသားကျက်သည်အထိ ကင်ပေးပါ။
  • ၃။ ရလျှင် အသားကို အနေတော် ပါးပါးလှီးပေးပါ။ ဖျော်ထားသော အချဉ်ရည်နှင့် တွဲဖက်စားသုံးပါ။
  • ၄။ သုပ်မည်ဆိုပါက ဝက်သားကင်ကို ပါးပါးလှီး၍ ကြက်သွန်နီပါးပါးလှီးထည့်ပါ။ ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပါ။ အချဉ်ရည် ထည့်ပါ။ ပင်စိမ်းရွက် အနည်းငယ်ထည့်ပါ။

ဒါဆိုရင် အရသာတမူထူးခြားတဲ့ ဝက်သားကင်သုပ် ရပါပြီ။

Video