ပဲခေါက်မုန့်ကြော်

ပဲခေါက်မုန့်ကြော်
မွှေးပဲစိမ်း150 g
ဆားအနည်းငယ်
ရေ250 ml
  • ၁။ ပန်းကန်လုံးတစ်လုံးထဲသို့ မွှေးပဲစိမ်းမှုန့်နှင့် ဆားတို့ကိုထည့်ကာ ရေအနည်းငယ်ထည့်၍ ဇွန်းဖြင့်ကြေအောင် မွှေပါ။ ပြီးလျှင် လက်ကျန်ရေကို ထပ်ထည့်၍ မွှေတံဖြင့် မွှေပြီး စကာဖြင့်စစ်ပါ။
  • ၂။ ဒယ်အိုးပြားထဲသို့ မုန့်နှစ်ရည်ထည့်ပြီး မုန့်နှစ်ရည်ထည့်ပြီး မုန့်နှစ်ရည်ကို ညီအောင်ညှိ၍ မီးဖိုပေါ်သို့တင်ပါ။ မုန့်သားတင်းလာလျှင် အထက်အောက်လှန်ပေးပြီး ခဏထားပေးပါ။ မုန့်သားကျက်လျှင် မုန့်ကိုခေါက်၍ (သို့) အချပ်လိုက် ပြန်ဆယ်ထားပါ။ ပြီးလျှင် ဒယ်အိုးကို ရေအေးဖြင့်ဆေး၍ အဝတ်သန့်ဖြင့်သုတ်ပြီး မုန့်လေးများကို ဆက်လက်၍ ပြုလုပ်ပါ။ ပဲခေါက်မုန့်အစိုလေးများကို ပြုလုပ်ပြီးလျှင် ဆီပူပူထဲသို့ ထည့်၍ကြော်ပါ။ အရောင်ရဲစပြုလာလျှင် ဆယ်ပေးပါ။

ပဲခေါက်မုန့်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီရှင်

Video