ကြက်မုန်လာ ရှုးရှဲ

ကြက်မုန်လာ ရှုးရှဲ
၁။ မွှေးကော်မှုန့်150g
၂။ မွှေးငြုပ်ကောင်းမှုန့်အနည်းငယ်
၃။ မုန်လာဥနီ300 g
၄။ မုန်လာဥဖြူ800 g
၅။ ငြုပ်သီးစိမ်း၈ တောင့်
၆။ ဂျင်းလက်နှစ်ဆစ်ခန့်
၇။ ကြက်သား75 g
၈။ ကြက်သွန်ဖြူ၃ မွှာ
၉။ ပဲငံပြာရည် အကြည်ရည်၂ ဇွန်း ( ဇွန်းကြီး)
၁၀။ ဟင်းခတ်မှုန့်၂ ဇွန်း ( လက်ဖက်ရည်ဇွန်း)
၁၁။ သကြား၂ ဇွန်း ( လက်ဖက်ရည်ဇွန်း )
၁၂။ ကြက်သွန်မြိတ်အနည်းငယ်
  • ၁။ ပထမဦးစွာ မုန်လာဥဖြူနှင့် မုန်လာဥနီကို အခွံခွာ၍ ရေစင်အောင်ဆေးပါ။ ပြီးလျျင် ခြစ်နှင့်ခြစ်ပါ။ ရလျှင် ဆားအနည်းငယ်ထည့်၍ နယ်ပေးပါ။ အရည်များထွက်လာသည်အထိ နယ်ပေးပါ။
  • ၂။ ပြီးလျှင် အရည်များမကျန်စေရန် လက်နှင့် နာနာစစ်ပေးပါ
  • ၃။ အရည်လုံးဝမကျန်တော့သည့် မုန်လာဥကို ကော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ထည့်ပါ။ ( ကော်မှုန့်ကို မထည့်ခင် ၁ ဇွန်း ဖယ်ထားပါ။)
  • ၄။ ကော်မှုန့်နှင့် မုန်လာဥဖတ်များ တစ်သားတည်းကျသွားသည်အထိ နယ်ပေးပါ။
  • ၅။ ရလျှင် အနေတော်အလုံးများ လုံးပါ။ ရေဆူဆူဖြင့် ၅ မိနစ်ခန့် ပေါင်းပါ။
  • ၆။ ဟင်းအနှစ်ပြုလုပ်ရန်အတွက် ဖယ်ထားသော ကော်မှုန့် ၁ ဇွန်းကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။
  • ၇။ ကြက်သားကို နုတ်နုတ်စင်းထားပါ။
  • ၈။ ငရုပ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို အနေတော်အချောင်းလေးများ လှီးပါ။ ကြက်သွန်ဖြူ ၃မွှာခန့် ထောင်းထားပါ။
  • ၉။ ဆီအနည်းငယ်ဖြင့် ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဆီသတ်ပါ။ ရလျှင် ကြက်သားထည့်ပါ။ ကြက်သားရလျှင် ပဲငံပြာရည်အကြည်ရည် ၂ ဇွန်း ထည့်ပါ။ ဟင်းခတ်မှုန့် ၊ သကြား ထည့်ပါ။ ငရုပ်သီးစိမ်း ထည့်ပါ။ ခဏနေလျျင် ကော်ရည်နှင့် ရေ ၁၅၀ မီလီထည့်ပါ။ မွှေပေးပါ။
  • ၁၀။ ရခါနီးတွင် မွှေးငြုပ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်ထည့်ပါ။
  • ၁၁။ အပေါ့အငံ အနေတော်ဖြစ်ပါက ပေါင်းထားသော မုန်လာဥပေါ်တွင် ဟင်းအနှစ်ဆမ်းပေးပါ။

အရသာ ထူးကဲကောင်းမွန်သော ကြက်မုန်လာရှူးရှဲ ရပါပြီ။

Video