၁။ မွှေးကော်မှုန့် | 150g |
၂။ မွှေးဆန်စိမ်းမှုန့် | 150g |
၃။ ကန်စွန်းဥ | 300g |
၄။ ဆား | အနည်းငယ် |
၅။ သကြား | 250g |
၆။ အုန်းနို့ | 800g |
၇။ ရေ | 200ml |
- ၁။ ကန်စွန်းဥကို အခွံခွာ၍ ရေစင်အောင်ဆေးပါ။
- ၂။ ပါးပါးလှီး၍ ပေါင်းအိုးဖြင့် မိနစ် ၂၀ ( သို့ ) ၃၀ ခန့် ပေါင်းပါ။
- ၃။ ပေါင်းထားသော ကန်စွန်းဥကို ချေပေးပါ။ ပြီးလျှင် မွှေးကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း ထည့်ပါ။
- ၄။ ပန်းကန်တစ်ခုထဲသို့ ရေ ၅၀ မီလီ နှင့် မွှေးဆန်အစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်း ထည့်မွှေပါ။
- ၅။ ပန်းကန်တစ်ခုထဲတွင် လက်ကျန် မွှေးကော်မှုန့်နှင့် မွှေးဆန်စိမ်းမှုန့်တို့ကို သကြား ၂၅၀ ဂရမ် ၊ ဆားအနည်းငယ် တို့ဖြင့် ရောမွှေပါ။ ရောမွှေ၍ နှံ့လျှင် အုန်းနို့ ၄၀၀ မီလီ ၂ဘူး ထည့်မွှေပါ။ သမအောင်မွှေပြီးလျှင် ရေ ၁၅၀ မီလီ ထည့်၍ မွှေပါ။သကြားပျော်ရန် ၁၅ မိနစ်ထားပါ။ ဖျော်ထားသော မုန့်ရည်၏ ၃ပုံ၁ပုံကို ဆန်စိမ်းရည်ထဲ လောင်းထည့်ပါ။
- ၆။ကန်စွန်းဥထဲသို့ လက်ကျန်မုန့်နှစ်ရည် ၃ ပုံ ၂ ပုံ ထည့်မွှေပါ။
- ၇။ အဆင်သင့်ဖြစ်ပါက စက္ကူခွက်ထဲသို့ ကန်စွန်းဥရည် တစ်ဝက်ကျော်ကျော်ဖြည့်ပါ။ မိနစ် ၂၀ ကြာပေါင်းပေးပါ။ မိနစ် ၂၀ ပြည့်လျှင် ဆန်စိမ်းနှင့် အုန်းနို့ရည်ရောထားသော မုန့်နှစ်ရည်ကို ထပ်ဖြည့်ပါ။ မိနစ် ၂၀ ထပ်ပေါင်းပါ။
မှတ်ချက်။ ။ စက္ကူခွက်မရှိလျှင်လည်း ပန်းကန်လုံးတွင် ထည့်၍ ပေါင်းနိုင်ပါသည်။