အာလူး

အာလူး

အာလူးတွင် Phytonutrients ဟုခေါ်သည့် အော်ဂဲနစ်ကွန်ပေါင်းများဖြင့် ပြည့်သိပ်နေသည်။ အဆိုပါ အော်ဂဲနစ်ကွန်ပေါင်းများမှာ Carotenoids, Flavonoids, Caffeic Acids များဖြစ်ပြီး ကျန်းမာရေးအား အထောက်အကူပြုသည်ဟုသိရသည်။ အာလူးတွင်ပါဝင်သည့် ဗီတာမင်စီသည် ဓာတ်တိုးဆန့်ကျင် ပစ္စည်း အဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းဓာတ်တိုး ဆန့်ကျင်ပစ္စည်းသည် အချို့သောဆဲလ်များ ပျက်စီးခြင်းကို နှောင့်နှေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်ပေးသည်။ ၎င်းတို့သည် အစာခြေခြင်း၊ နှလုံးကျန်းမာရေးနှင့် သွေးဖိအားတို့အပြင် ကင်ဆာရောဂါတို့ကိုပင် ကာကွယ်နိုင်စွမ်းရှိသည်ဟု သိရသည်။

ခရမ်းရောင်အာလူးတွင် Phytonutrient နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ကြသည်။ ခရမ်းရောင် အာလူးခြောက်လုံးမှရှစ်လုံး တစ်နေ့နှစ်ကြိမ် စားသုံးခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကဲ့သို့သော ရောဂါခံစားနေရသည့် အဝလွန်သူများကို ရောဂါသက်သာစေနိုင်ပါသည်

အာလူးသည် သွေးပေါင်ချိန်ကို လျော့ကျစေသည်။ အဘယ်ကြောင့်ဆိုသော် အာလူးသည် သွေးထဲရှိ ကိုလက်စထရောနှင့် ပေါင်းပြီး ခန္ဓာကိုယ်မှစွန့်ထုတ် လိုက်သည့်အတွက် ဖြစ်သည်ဟု အာဟာရပညာရှင် Victoria Jarzabkowski က ဆိုထားသည်။ အာလူးသည် ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်သည်။ အာလူး တွင်ပါဝင်သည့် ပိုတက်ဆီယမ်သည် ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်ဆီယမ်ထက် ပိုမိုပါဝင်သည်ဟု သိရှိရသည်။ ၎င်းပိုတက်ဆီယမ်သည် သွေးကြောကို ကျယ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေသည်။

အာလူးတွင်ပါဝင်သည့် Vitamin B 6 သည် အာရုံကြောကျန်းမာရေးကို အဓိက ထိန်းညှိပေးသည်။ ထို့ကြောင့် အာလူးစားသုံးခြင်းဖြင့် စိတ်ကျရောဂါ၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရောဂါများ သက်သာစေ သည်။ အာလူးတွင်ပါဝင်သော ကာဗိုဟိုက်ဒြိတ်သည် သွေးတွင်းသကြားဓာတ်နှင့် ဦးနှောက်လုပ်ငန်း ဆောင်တာများကို ထိန်းညှိပေးသည်။ သကြားဓာတ် အတော်သင့်ပမာဏ တိုးတက်ခြင်းသည် သင်ကြားမှု စွမ်းရည်နှင့် မှတ်ဉာဏ်စွမ်းရည်တို့ကို တိုးတက်ကောင်းမွန်စေသည်။ အာလူးအလတ်တစ်လုံးတွင် ဗီတာမင်စီ ၄၅ ရာခိုင်နှုန်းပါဝင်သည့်အတွက်ကြောင့် သာမန်ဖျားနာခြင်းမှ အစပြု၍ ဗီတာမင်စီ ချို့တဲ့ရောဂါကဲ့ သို့သော ရောဂါများအထိ ကာကွယ်နိုင်စွမ်းရှိသည်။ အာလူးတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် အလွယ် တကူအစာချေဖျက်နိုင်အောင် ကူညီပေးသည်။

ထို့ပြင် နှလုံးရောဂါကို တားဆီးကုသပေးသော ဓာတ်များတွင် Caffeicchlorogenic acid and Anthocyanins ဓာတ်သတ္တုများ အာလူးတွင်ပါရှိသည့်အတွက် ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ဓာတ်တိုး ပစ္စည်းများ ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် တိုက်ဖျက်နိုင်စွမ်းရှိသည်။ ပိုတက်စီယမ်ဓာတ်ပါဝင်မှုကြောင့် အာလူးသည် နှလုံးရောဂါ၊ သွေးကြောနှင့် ပတ်သက်သည့် ရောဂါများကို တားဆီးနိုင်သည့် အစွမ်းရှိသည့် အပြင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကိုလည်း ကာကွယ်ပေးသည်။ အာလူးတွင်ပါဝင်သည့် ဗီတာမင်စီ၊ B6၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်နှင့် ဖောစဖောရပ်တို့သည် အရေပြားကိုနူးညံ့ ချောမွတ်စေ သည့်အတွက် အရေပြားကျန်းမာရေးအတွက်လည်း သင့်လျော်သည့် အစားအစာဖြစ်သည်။